သစ်ခက်သံလွင်- ကာတွန်းအကြောင်းတစေ့တစောင်း ၃ ကာတွန်းဝင်းထွန်း



ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၃
ကာတွန်းဝင်းထွန်း

ကာတွန်းဝင်းထွန်း 


ဒီတခါတော့ ... ကျွန်တော်နဲ့အတူ ကာတွန်းလေ့လာနေကြသူ လူငယ်တစုတောင်းဆိုနေတဲ့ ... ကျွန်တော့်ရဲ့အရုပ်ရေးဟန်အကြောင်းပါ ...

သိပ်ထူးထူးဆန်းဆန်းမရှိပါဘူး ... ငယ်ငယ်က ကာတွန်းဆရာကြီးတွေရဲ့လက်ရာတွေကို ကူးရေးခဲ့ပါတယ် ... အဲဒါက ကိုယ်ပိုင်လက်ရာဖြစ်မလာပေးမယ့် ... လက်ထဲမှာ ဘာမဆို ဇက်ရဲလက်ရဲ ခဲတံနဲ့ စက္ကူတွေ့တာနဲ့လျှောက်ခြစ်လာတယ် ... ခဲတံကိုင်ပုံ စက္ကူပေါ်မှာအဖိအဖွနဲ့ အရှိန်နဲ့အသင့်အတင့်ရေးတတ်လာခဲ့ပါတယ် ....

နောက်ပိုင်းမှာ ကာတွန်းသမားဖြစ်ချင်လာတော့ ကိုယ်ပိုင်လက်ရာဖြစ်မှ ဆိုတာ သိလာပါတယ်။ ... ဘယ်လိုလုပ်ရမယ် တိတိကျကျမသိခင်ကတည်းက သူများဟာတွေကူးရင် ကူးရင်းမတူတဲ့အခါ မတူ ... တူတဲ့အခါတူပါတယ် ... မတူတာလေးတွေကို သေသေချာချာကြည့်တော့ ငါမတူသင့်ဘူးဆိုတာ သတိရလာပါတယ် ... နောက်တော့ မတူအောင်ကူးတတ်လာတယ် ... သူ့ မူလပုံဟန်နဲ့ ဆင်ပေမယ့် သူ့လောက်မဆွဲတတ်တော့ မတူတဲ့လက်ရာ ထွက်နေတဲ့သဘောလည်း ပါနေတယ်လေ ...

အဲဒါ ကောင်းတယ် ဒါ ငါပိုင်ဖြစ်လာနိုင်တယ်ပေါ့ ဟေဟေ့ ...

နောက် ဆရာရှာရင်း ကာတွန်းကိုဝင်းမောင်ရဲ့စာပေးစာယူ သင်တန်းကို (၁၉၇၄ လောက်မှာထင်၏) စတက်ခဲ့ပါတယ် ... အဲဒီမှာ ကာတွန်းသမားတွေ သုံးတဲ့ အချိုးအစားသဘောတွေ သိလာပါတယ် ... နောက် အသင့်အတင့် နည်းမှန်အောင် ရေးတတ်လာတယ်လို့ ဆိုနိုင်ပါတယ် ...

ကဲ ဒါ ခဏ ထားပါ ...

ဒီနေ့ကျွန်တော်ရေးတဲ့ ပုံပေါင်းစုံ အချိုးပေါင်းစုံ အများကြီးထဲက ... အရှင်းဆုံးတခုကို ပြောပြချင်ပါတယ် ...

ခု အောက်မှာ ပြထားတဲ့ ပုံကိုကြည့်ပါ ... (နံပတ်တတ်ထားတာ ပြောင်းပြန်လိုဖြစ်နေပါတယ် ... ဘာလို့လဲဆိုတော့ ကျွန်တော်က ဘယ်သန်ဖြစ်နေတော့ နောက်ဘက်က စ စ ရေးတတ်ပါတယ် အဟဲ)

ပထမပုံမှာပါတဲ့အတိုင်း ခေါင်း ကိုယ်ထည် ခြေထောက်ကို အချိုးတူ ထားရေးတဲ့ဇာတ်ကောင်အတွက်ပါ ... ခေါင်းကို စပြီး ဘဲဥဒေါင်လိုက်ပုံရေးပါတယ် နောက် အောက်ဖက်က ကိုယ်ထည်ယူပါတယ်။ နောက် လက်ခြေကို တုတ်ချောင်းလေးတွေတတ်သလို တတ်လိုက်ပါတယ် ... လည်ပင်းကိုတော့ သဘောလောက်ပဲထားပါတယ် ... လည်ပင်းနဲ့ပတ်သက်လို့ အဓိက ရေးပြစရာမလိုရင် မပါတဲ့အခါ မပါပါဘူးလေ။ ...

နောက် ဒုတိယပုံမှာ ... ပထမ အခြေခံလျာထားချက်ကို လိမ်မော်ရောင်ခဲတံနဲ့ရေးပြီး လက်ဟန် ခြေဟန်ကို အပြာရောင်လေးနဲ့ပြထားပါတယ် ... ဒါအခြေခံသက်သက်ပါ ... လှုပ်ရှားမှုတွေ မပါသေးပါဘူး ...

နောက်ဆုံးပုံက ... (ဥပမာအဖြစ်ပြောပြတာပါ) ... တချို့လူငယ်တွေက ကျွန်တော်က သင်ပေးရင် ကျွန်တော်နဲ့ တူမှာစိုးကြတယ် ... အမှန်က အခြေခံ skeleton လျာထားတတ်အောင် လေ့လာပြီး အသားပုံပေါ်အောင်ဖြည့်တဲ့အခါ ကိုယ်ပိုင်ဟန်ကို ဖြည့်ဆွဲရုံပါပဲ ...

ပုံမှာ ကာတွန်းဆရာ Sergio Aragones ရဲ့လက်ရာ ဟန်ပန်ကို ကိုယ့်ပုံအဖြစ်လိုချင်တယ်ဆို ... အခြေခံ Skeleton ကိုခဲ့လျာထားလိုက်ပါတယ် ... နောက်အသားဖြည့်ဆွဲတော့ ကိုယ့်ပုံထည့်ဆွဲလိုက်တာကို ပြထားတာပါ ...

ဒီလိုနည်းနဲ့ ကိုယ်နှစ်သက်တဲ့ အခြားကာတွန်းဆရာဆီကဖြစ်စေ ... လူဓာတ်ပုံကဖြစ်စေ ... အခြေခံ Skeleton ရအောင်ထုတ်ပြီး ကိုယ့်ကာတွန်းလက်ရာ ဟန်ကိုပြောင်းရေးကြည့်ကြပါကုန် ...


052016








ကာတွန်းဝင်းထွန်းရဲ့ ကာတွန်းအကြောင်း တစေ့တစောင်း ၁
ကာတွန်းဝင်းထွန်းရဲ့ ကာတွန်းအကြောင်း တစေ့တစောင်း ၂
 

Comments