မိုးဉာဏ်(မန္တလေး) -အဆုံးမရှိ

Art by Aung Htet

အဆုံးမရှိ
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) မေ ၃၀၊ ၂၀၂၅

အိမ်လေးတစ်လုံးဆောက်မယ်
ဝေးသွားသူတစ်ယောက်အကြောင်း
တွေးမယ်
ဆေးခြောက်တစ်တိုင်ရိုက်မယ်
ကော်ဖီတစ်ခွက်ဖျော်မယ်
ဝရံတာမှာ ကဗျာတစ်ပုဒ်ရွတ်မယ်
အသက်လုရှူှူရတဲ့ နေ့တွေကို
ရေနွေးပူနဲ့ဖျောပစ်လိုက်မယ်
တောင်ကုန်းမှာ မြူတွေကျချိန်
သတိရကြောင်း သံကြိုးမရိုက်တော့ဘူး
စိတ်ကိုသော့ဖွင့်ပေးလိုက်တယ်။        ။

မိုးဉာဏ်(မန္တလေး)

Comments