ဂူထဲကနံရံတွေမှာ အရုပ်တွေမရှိဘူး
နေမင်းသ
(သစ်ခက်သံလွင်)ဩဂုတ် ၃၀၊ ၂၀၂၆
အရှိတခုက အရှိတခုဆီ ကူးတဲ့ခရီး
အမျှင်ပြတ်တယ်ရယ်လို့တော့ ဆိုဖို့မလွယ်ဘူး
ဒါကိုပဲ ဝတ်မှုန်ကူးတယ် ဆိုရမလား
ကျနော်တို့ ဖြတ်သန်းကြတယ်
ဖြတ်သန်းခဲ့ကြတယ်
ဒါဟာ
မမြဲတရားမဟုတ်သလို မြဲတရားလည်းမဟုတ်ဘူး
သမိုင်းတခု ဖြစ်တယ်
ရင်းရတာ မတန်ပါဘူးဆိုတာမရှိဘူး
ခေတ်ရယ် စနစ်ရယ် လူရယ်ကြားက ပဋိပက္ခမှာ
ဘာမှမဟုတ်ဘူး ပြီးသွားမှာပါဆိုတာ
အလေနတောလူတွေတွေးတဲ့အကြောက်တရားရဲ့အခြားအမည်နာမပဲ
တရွက်ပြီး နောက် တရွက်
တပွင့်ပြီး နောက် တပွင့်
တခဏပြီးနောက်တခဏ
ဝါးပင်ဆိုတာ မျှစ်ပင်မဟုတ်သလိုမျိုး
အဲဒီခေတ်ဟာ အရှိတခုဖြစ်တယ်
သမိုင်းဆိုတာ ………
ငါးမရရေချိုးပြန်တဲ့ပေါပေါပဲပဲဇာတ်မဟုတ်ဘူးရယ်။
နေမင်းသ
(သစ်ခက်သံလွင်)ဩဂုတ် ၃၀၊ ၂၀၂၆
အရှိတခုက အရှိတခုဆီ ကူးတဲ့ခရီး
အမျှင်ပြတ်တယ်ရယ်လို့တော့ ဆိုဖို့မလွယ်ဘူး
ဒါကိုပဲ ဝတ်မှုန်ကူးတယ် ဆိုရမလား
ကျနော်တို့ ဖြတ်သန်းကြတယ်
ဖြတ်သန်းခဲ့ကြတယ်
ဒါဟာ
မမြဲတရားမဟုတ်သလို မြဲတရားလည်းမဟုတ်ဘူး
သမိုင်းတခု ဖြစ်တယ်
ရင်းရတာ မတန်ပါဘူးဆိုတာမရှိဘူး
ခေတ်ရယ် စနစ်ရယ် လူရယ်ကြားက ပဋိပက္ခမှာ
ဘာမှမဟုတ်ဘူး ပြီးသွားမှာပါဆိုတာ
အလေနတောလူတွေတွေးတဲ့အကြောက်တရားရဲ့အခြားအမည်နာမပဲ
တရွက်ပြီး နောက် တရွက်
တပွင့်ပြီး နောက် တပွင့်
တခဏပြီးနောက်တခဏ
ဝါးပင်ဆိုတာ မျှစ်ပင်မဟုတ်သလိုမျိုး
အဲဒီခေတ်ဟာ အရှိတခုဖြစ်တယ်
သမိုင်းဆိုတာ ………
ငါးမရရေချိုးပြန်တဲ့ပေါပေါပဲပဲဇာတ်မဟုတ်ဘူးရယ်။

Comments
Post a Comment