ပုလဲငုပ်သူများ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇွန် ၂၃၊ ၂၀၂၅
ငါတို့ ...
နာရီတွေက နှေးနေတယ်
စိတ်ကူးတွေက မြန်နေတယ်
ခြေလှမ်းတွေက သေးနေတယ်
လိုအင်တွေက ကြီးနေတယ်။
သူ့ရာသီရောက်လို့
သူ့သီးနှံပေါ်လာတာ တရားပဲ
မုဆိုးရာသီမှာ
လေးမြားတွေသီးပွင့်တာ တရားပဲ
မုဆိုးရာသီဟာ
ကုန်သွားတာ မဟုတ်ဘူး
ခဏရပ်သွားတာ
ခု... တပတ်ပြန်ကျော့
လာပြန်ပေါ့
လူ့သမိုင်းဟာ
ဘယ်သောခါမှ အဆုံးမသတ်ဘူး
"ဖူကူးယာမ"*1 ရေ ...
ဒီမုဆိုးရာသီလည်း
မြဲနေမှာ မဟုတ်ပါဘူး
ရာသီတွေက ထပ်ပြောင်းဦးမှာပဲ
"ဂရက်ဗီတီ"*2 ရှိနေသမျှ
ရေတွေ စီးနေကြမှာပဲ
ပင်လယ်မှာတောင်
ရေစီးကြောင်းတွေ ရှိတယ်။
မိုဦးကျ စပါးခင်းက
ဆောင်းဦးရောက်မှ ကောက်သစ်စားရမယ်။
ရေတွင်းက နက်လွန်းတော့
ရေခပ်ရဖို့ ကြိုးရှည်ရှည်လိုတယ်။
ငါတို့'ရင်ပင်လယ်'ဟာ မုန်တိုင်းတွေ
ဒီလှိုင်းတွေရှိနေတာမှန်ပေမယ့်
အနက်ရှိုင်းဆုံးမှာ ပုလဲတွေရှိနေတာ
ငုပ်နိုင်သူရမှာ
ငြင်းစရာမှမဟုတ်တာ။
(၂၀၂၅ ဇွန် ၂၃)
*1 ... Francis Fukuyama , American political scientist.
*2 ... Gravity
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇွန် ၂၃၊ ၂၀၂၅
ငါတို့ ...
နာရီတွေက နှေးနေတယ်
စိတ်ကူးတွေက မြန်နေတယ်
ခြေလှမ်းတွေက သေးနေတယ်
လိုအင်တွေက ကြီးနေတယ်။
သူ့ရာသီရောက်လို့
သူ့သီးနှံပေါ်လာတာ တရားပဲ
မုဆိုးရာသီမှာ
လေးမြားတွေသီးပွင့်တာ တရားပဲ
မုဆိုးရာသီဟာ
ကုန်သွားတာ မဟုတ်ဘူး
ခဏရပ်သွားတာ
ခု... တပတ်ပြန်ကျော့
လာပြန်ပေါ့
လူ့သမိုင်းဟာ
ဘယ်သောခါမှ အဆုံးမသတ်ဘူး
"ဖူကူးယာမ"*1 ရေ ...
ဒီမုဆိုးရာသီလည်း
မြဲနေမှာ မဟုတ်ပါဘူး
ရာသီတွေက ထပ်ပြောင်းဦးမှာပဲ
"ဂရက်ဗီတီ"*2 ရှိနေသမျှ
ရေတွေ စီးနေကြမှာပဲ
ပင်လယ်မှာတောင်
ရေစီးကြောင်းတွေ ရှိတယ်။
မိုဦးကျ စပါးခင်းက
ဆောင်းဦးရောက်မှ ကောက်သစ်စားရမယ်။
ရေတွင်းက နက်လွန်းတော့
ရေခပ်ရဖို့ ကြိုးရှည်ရှည်လိုတယ်။
ငါတို့'ရင်ပင်လယ်'ဟာ မုန်တိုင်းတွေ
ဒီလှိုင်းတွေရှိနေတာမှန်ပေမယ့်
အနက်ရှိုင်းဆုံးမှာ ပုလဲတွေရှိနေတာ
ငုပ်နိုင်သူရမှာ
ငြင်းစရာမှမဟုတ်တာ။
(၂၀၂၅ ဇွန် ၂၃)
*1 ... Francis Fukuyama , American political scientist.
*2 ... Gravity

Comments
Post a Comment