ရှင်သူရဲ့အကြောင်း
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၅
ဒုက္ခကို
ငြင်းဆန်အားလက်ကျန်ရှိမနေခြင်းမှာ
ထက်ပိုင်းပြတ်ရာတန်လေး
ကြားညှပ်သုံးရတယ်။
ရေမျောကမ်းတင် နာမကျန်းမှုတွေနဲ့
လတ်တလောပုခက်ထဲက ပြုတ်ကျသလို
လောကအပေါ်ချွဲချင်မိတာပါပဲ။
ပျက်စီးတာတွေကြား
မဖျက်နိုင်သေးတဲ့ မျှော်လင့်မှုက
မိုးစက်လို
တိတ်တိတ်လေး ...စီးဆင်းနေတုန်း။
အနာဂတ်ရဲ့ ပျော်ရွှင်ခြင်းကို
အသက်နဲ့မောင်းတင်ထားလိုက်တော့
နှလုံးသားထဲမှာ
အေးမြခြင်းဟာ ကောက်လိုင်းအပြည့် ...။ ။
1672025
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဇူလိုင် ၂၃၊ ၂၀၂၅
ဒုက္ခကို
ငြင်းဆန်အားလက်ကျန်ရှိမနေခြင်းမှာ
ထက်ပိုင်းပြတ်ရာတန်လေး
ကြားညှပ်သုံးရတယ်။
ရေမျောကမ်းတင် နာမကျန်းမှုတွေနဲ့
လတ်တလောပုခက်ထဲက ပြုတ်ကျသလို
လောကအပေါ်ချွဲချင်မိတာပါပဲ။
ပျက်စီးတာတွေကြား
မဖျက်နိုင်သေးတဲ့ မျှော်လင့်မှုက
မိုးစက်လို
တိတ်တိတ်လေး ...စီးဆင်းနေတုန်း။
အနာဂတ်ရဲ့ ပျော်ရွှင်ခြင်းကို
အသက်နဲ့မောင်းတင်ထားလိုက်တော့
နှလုံးသားထဲမှာ
အေးမြခြင်းဟာ ကောက်လိုင်းအပြည့် ...။ ။
1672025
Comments
Post a Comment