ဖိုးရွှေညီမှိုင်း - ရှင်သန် သေဆုံးခြင်း

Art- KT# 
ရှင်သန် သေဆုံးခြင်း
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၄၊ ၂၀၂၆


တိုက်ချင်တိုင်းတိုက်နေတဲ့ လေထဲ
ခါးညွှတ်ကျတိမ်တွေရဲ့ခန္ဓာ
ဘယ်သူ ထူဖူးလဲ။

ရွာချင်တိုင်းရွာနေတဲ့ မိုးထဲ
ချွေးဒီးဒီးသစ်ပင်တွေရဲ့မျက်ရည်
ဘယ်သူကြည့်ဖူးလဲ။

လောင်ချင်တိုင်းလောင်နေတဲ့ မီးထဲ
သွေးစိမ်းစီးတောအုပ်တွေရဲ့ငိုသံ
ဘယ်သူ ကြားဖူးလဲ။

ငါ
မင်း 
သူ
တယောက်တည်းလား။
မဟုတ်ဘူး။

သေပြီး ရှင်နေသူတွေကြောင့်
ရှင်ပြီး သေနေရသူတွေရဲ့
ကြေကွဲလွန်း
လေးလံလွန်း 
ရှည်လျားလွန်း
ခန္ဓာတွေ
မျက်ရည်တွေ
ငိုသံတွေရဲ့အစွန်းမှာ 
တို့အားလုံး။
...

(၂၀၂၆ စက်တင်ဘာ)

Comments