စစ်မီးလျှံထဲက အာဃ အက
ဆရာဒီ
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၂၊ ၂၀၂၆
လေယာဥ်ဗုံးကျဲ။
လက်နက်ကြီးရန်မစဲ။
ကျည်မခဘူးတဲ့အိမ်မရှိ။
သူရဲကောင်းတွေမကျဘူးတဲ့လမ်းမရှိ။
ကျန်ရစ် ရင်နှစ်လေးတွေက...
ကျူးကျော်ခံစစ်တလင်းထဲ
ယိုင်နဲ့လဲမကျ
ရအောင်ထပြီး ရုန်းကြွ စည်းချက်နဲ့လှ
က, တောင်ကပြ။
အနာဂတ်မသေဖို့တွေးဆ
ပညာရေးစုံညီပွဲအလှ
ရင်ဘတ်ကြီးတွေနဲ့ရှုစားကြည့်ကြဖို့ပါ...
ဆရာဒီ
(စစ်တလင်းတနေရာ)
အေဒီ-၂၀၂၆၊ စက်တင်ဘာ ၂၀။

Comments
Post a Comment