ငါသိတဲ့ နိုင်ငံရေး
ကိုသက်အောင်
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၂၊ ၂၀၂၆
ငါ့သူငယ်ချင်း အဖမ်းခံရ
အခု
သူ့ မိသားစု တစ်စစီ ကြေမွလို့။
နှစ်ဖက်စလုံး ကြောက်နေရတာပဲ
ဘယ်ဘုရားက
တန်ခိုးကြီးမှန်းမသိဘူးတဲ့
မြေပြင်က အသံ။
ငါကတော့
ကော်လံပြာအလုပ်ထဲ ခေါင်းတိုး
အကုန်လုံးကို ခိုးခိုးလွမ်းရ။
မသေသေးတဲ့ ငါ့သူငယ်ချင်းတွေနဲ့
သေပြီးသား ငါ့သူငယ်ချင်း တွေ။
ငါလည်း
သေပြီးသားထဲက
မင်းတို့ သူငယ်ချင်းပါ။
ဒို့သူငယ်ချင်းအားလုံးအတွက်
ဒီကဗျာကိုရေးလိုက်ပါတယ်။
Comments
Post a Comment