သား
ဒီသစ်
( သစ်ခက်သံလွင်) ဩဂုတ် ၅၊ ၂၀၂၅
သားဟာ အားပဲ။
သားရှိရင် အားရှိတယ်။
အားရှိရင် သားရှိတယ်။
သားကိုရဖို့ အားကို ဆ ရတယ်။
လက်တွေ့တိုင်း ခက်ခဲတာအမှန်။
အခက်အခဲတိုင်းကို..
ဒီသစ်
( သစ်ခက်သံလွင်) ဩဂုတ် ၅၊ ၂၀၂၅
သားဟာ အားပဲ။
သားရှိရင် အားရှိတယ်။
အားရှိရင် သားရှိတယ်။
သားကိုရဖို့ အားကို ဆ ရတယ်။
လက်တွေ့တိုင်း ခက်ခဲတာအမှန်။
အခက်အခဲတိုင်းကို..
၁။ နည်းလမ်း
၂။ လုပ်ဆောင်
၃။ သုံးသပ်
၄။ အဖြေထုတ်။
အလွယ်ပြောတတ်ကြရင်တော့
ပြောရတာ လွယ်တယ်။
လက်တွေ့တိုင်းကတော့
ခက်ခဲတာအမှန်ပဲ။
အခက်အခဲတိုင်းကို
လက်တွေ့ကျော်ဖြတ်နိုင်စွမ်းကသာ
အောင်မြင်ခြင်းရဲ့သော့ချက်ဖြစ်တယ်။
ပြီးပြည့်စုံခြင်းရဲ့ ဆုံမှတ်ဖြစ်တယ်။
လူ့သမိုင်းမှာ
လူ့တန်ဖိုးမြင့်တက်ရေးအတွက်
ထမ်းပိုးသူထက် ကြီးမြတ်သူမရှိ။
သားက
ကြီးမြတ်သူဖြစ်တယ်။
လူ့တန်ဖိုးကို
မြှင့်တင်ပေးလိုသူဖြစ်တယ်။
ဂုဏ်ကျက်သရေအပြည့်နဲ့
ကျော်လွှားနေနိုင်တယ်ဆိုတာ
ယုံတယ်။
သားဟာ အားပဲ။
သားရှိရင် အားရှိတယ်။
အားရှိရင် သားရှိတယ်။
သားကိုရဖို့ အားကို ဆ ရတယ်။
ဖေ ...
ဒီသစ်
Comments
Post a Comment