ကောင်းကင်ပေါ်မော့မကြည့်ရဲတဲ့မျက်လုံးများ
ဂျိုတီဖာ
(သစ်ခက်သံလွင်) ဇူလိုင် ၁၂၊ ၂၀၂၆
ပုခက်ထဲက အိပ်မက်တွေ
ဖျတ်ခနဲ လွင့်စင်သွားတဲ့ည
မိစ္ဆာအလင်းဆိုးတခုက ရွာကလေးကို ထက်ခြမ်းခွဲတော့
တောပန်းကလေး တောလမ်းနံဘေးမှာ ညှိုးနွမ်းရပေါ့။
"သား... လေယာဉ်ပျံကြီးတွေကို ဘယ်လိုမြင်လဲ"
မေးခွန်းက ရိုးရှင်းပေမယ့်
တုံ့ပြန်သံက နှလုံးသားကို ဓားနဲ့မွှန်းတယ်။
"မုန်းတယ်" တဲ့...။
နုနယ်တဲ့နှုတ်ခမ်းဖျားက ထွက်လာတဲ့
အမုန်းဆိုတဲ့ စကားလုံးတစ်လုံး၊
အိုးပုတ် ချိုးရုပ်ကလေးတွေနဲ့
ပျော်ရွှင်စွာကစားရမယ့်အရွယ်မှာ
သူ့အမုန်းက ကောင်းကင်ယံအထိပျံ့နှံ့လို့။
ပေါင်တံကို ဗုံးစထိုးဝင်တဲ့ဒဏ်ရာထက်
အာရုံကြောထဲအထိ စိမ့်ဝင်နေတဲ့နာကျင်မှု၊
ပြေးလွှားဆော့ကစားရမယ့် ခြေလှမ်းတွေကို
လုယူသွားတဲ့အတွက်
ကလေးငယ်က ကောင်းကင်ပြာပြာကြီးကို မုန်းတီးနေရဲ့။
ကောင်းကင်ကြီးပေါ် မော့ကြည့်မိတိုင်း
ကြယ်ပွင့်လေးတွေအစား သေမင်းတမန်ကိုပဲမြင်နေရတဲ့
ဖြူစင်လွန်းတဲ့သားကောင်ငယ်...
မင်းရဲ့အမုန်းတွေ နိဂုံးချုပ်ဖို့အတွက်ဆို
ငါတို့ကမ္ဘာကြီးက ဘယ်လိုပြန်ပေးဆပ်ရမလဲ။
ကောင်းကင်ဟာ သူ့ရင်ခွင်မှာ
စစ်လေယာဉ်တွေကို ပျံသန်းခွင့်မပေးတော့မယ့် တစ်နေ့၊
ကလေးတွေရဲ့ရယ်သံတွေ
ပဲ့တင်ထပ်နေမယ့် ကမ္ဘာကို
ငါတို့ စိုက်ပျိုးကြမယ် ။ ။

Comments
Post a Comment