ငါတို့ဟာ
အထောက်အပို့တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့
အလှပဆုံးခတ်နေတဲ့ခြင်းဝိုင်း။
ရေစီးရေလာကောင်းတဲ့ချောင်းတွေမြစ်တွေ
အဆက်မပြတ်စီးဝင်နေတဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ပင်လယ်။
ကိုယ့်ခြံထဲကအမှိုက်တွေလှဲကျင်းဖို့
စည်းရိုးအပြင်ကိုကျော်ပြီး မျှော်နေသူတွေထဲငါတို့မပါဘူး။
ချည်မျှင်လေးတွေပေါင်းစည်းမိသွားတော့
ခင်ဗျားဝတ်ထားတဲ့ဂျင်းဘောင်းဘီဖြစ်သလို
ကမ္ဘာကျော်ကော်ဇောတချပ်လဲဖြစ်နိုင်တယ်။
ကျောက်တုံးတတုံးချင်းကိုရွှေ့ချင်ရာရွှေ့လို့ရနိုင်ပေမယ့်
ကျောက်တုံးတွေနဲ့စုစည်းထားတဲ့မဟာတံတိုင်းကြီးကိုတော့
ဘယ်လိုတန်ခိုးရှင်မျိုးက ရွေ့သွားအောင်ရွှေ့နိုင်မှာတဲ့လဲ။
အလုံးစုံပြိုကွဲရေးနဲ့ခြွင်းချက်မရှိအကြောက်တရားကို
ငါတို့ဆီကမျှော်လင့်နေသူဟာ
တိမ်တွေပေါ်ငါးမျှားပြီးရေထဲမှာငှက်ထောင်ချင်တဲ့
ကျပ်မပြည့်ထုံထိုင်းသူ စိတ်ကူးယဉ်သမားဖြစ်တယ်။ ။
၂၄.၄.၂၃

Comments
Post a Comment