တောပုန်းကြီး
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) မေ ၁၊ ၂၀၂၆
အက်ကြောင်းတွေနဲ့ တိတ်ဆိတ်နာကျင်နေတဲ့
တိုက်ခွံအိုကြီးတွေလို ငါ့ပျော်ရွှင်မှုတွေ
အေးစက် ပုပ်သိုး။
ငါ့ဘဝဟာ
အအေးခန်းထဲမှာ စနစ်တကျ သိုလှောင်ခံထားရတဲ့ နို့ထွက်ပစ္စည်း။
တစ်ယောက်ပြီးတစ်ယောက် ခိုးထုတ်ခံရလွန်းလို့
ရိုးတွင်းခြင်ဆီတွေ ကုန်ခန်းနေတဲ့ အမြဲစိမ်းတော။
ဒဏ်ရာကို တစ်ချက်ချင်း ပြန်ချုပ်ရင်း
အမေပေးလိုက်တဲ့ ငယ်ရုပ်ကို
မမှတ်မိခြင်းကျိန်စာကို ထွေးပိုက်လို့ ...
သက်တမ်းရင့် ဓားစာခံတစ်ယောက်လို
အပြုံးကို မှန်ကြည့်ပြီး ရှာဖွေမိတယ်။
သေခြင်းတရားကလွဲလို့
ဘယ်အရာမှ အရောင်မထွက်တော့တဲ့အထိ
လူနံ့တွေ သွေးဆုံးကိုင်လာတဲ့အခါ
ငါတောပုန်းကြီးဖြစ်ချင်တယ်။
ကမ္ဘာတစ်ခုလုံးကို ချုံခိုတိုက်ခိုက်ပစ်ချင်တယ်။
စိတ်နဲ့ ထောင်လိုက်တဲ့ ကျော့ကွင်းမှာ
ကမ္ဘာဟာ အစိမ်းသေ ...။ ။

Comments
Post a Comment