မြင့်နိုင်အိန် - လူ လျှောက် လမ်း

Image- Credit (Google)

လူ လျှောက် လမ်း 
မြင့်နိုင်အိန်
(သစ်ခက်သံလွင်) ဇွန် ၁၅၊ ၂၀၂၅


တာဝန်ကျေသူ ဖြစ်ချင်တာပါ
ရွေးချယ်ခဲ့တာ မဟုတ်ဘူး
ကျွန်မ ရွေးချယ်ခဲ့တယ်လို့ မဆိုဘူး
ကလေးတွေရဲ့ နုပျိုတဲ့အနာဂတ်အပေါ်မှာ
ကျွန်မ တာဝန် ကျေချင်တယ်  
ကျွန်မ မင်တဲ့ ပန်းပုတီးက 
မိုင် ကန်းထရီး အက်စ် မိုင် ဝါးလ် ။
        
နောက်နောင် 
ကျွန်မကို မလိုအပ်တော့လောက်အောင်
ကျွန်မက ရွက်ဆောင်ချင်တာပါ   
ကျွန်မ တာဝန်၊ ကျွန်မ ကျေချင်တာ
ကျွန်မ ရွေးချယ်ခဲ့တာ မဟုတ်ဘူး
ဆူး ပြွမ်း ပြွမ်း၊ ကမ်း ပဲ့ ပဲ့ 
သည်လမ်း နဲ့  သည်ခရီးကတော့    
ဖရီးဒမ်း ဖရွန် ဖီးရား ။             ။            
      
၂၄ မေ ၂၀၂၅   
( အမေ့ ၈၀ ပြည့်၊၂၀၂၅ ဇွန်လ ၁၉ ရက်နေ့  သို့  )

Comments