" ပျော်ရက်သူတွေ ပျော်ရဲပါစေသင်္ကြန် "
လွန်း
(သစ်ခက်သံလွင်) ဧပြီ ၁၆၊ ၂၀၂၆
နှစ်သစ်ကူးတော့မယ်ဆိုပါလား
ဗုဒ္ဓရှင်တော်မြတ်ကြီးဘုရား
ဒရစပ်ဗုံးကျဲနေတဲ့လေပျံတွေအလာရပ်ပြီး
နှစ်ကူးသွားတဲ့အခါ
ပြာပုံသာကျန်တော့တဲ့ရွာကလေးဆီ
ပြန်ကြပါစို့လားဘုရား
ရွာလယ်က စတော်ကြီးလဲ ဗုံးဒဏ်ကြောင့်ပျံလွန်တော်မူ
ကိုရင်လေး နန္ဒိယလဲ ခြေတဖက်ပြတ်
ကပ္ပိစံမောင်လဲ မျက်စိစုံကမ်း
ပြန်လမ်းမဲ့စခန်း မြန်းရှာပြီပြောကြတယ်ဘုရား
ဒါတွင်မက
မောင်တထမ်း မယ်တရွက်
သာသနာအတွက် ဘာသာအတွက်ဆို
အလှူရဲတဲ့လက်
ကျေးလက်သားကျေးလက်သူတွေလဲ
ဘယ်တူရူကို
ဘယ်သူ ဘယ်ပြေးမှန်းမသိ
ရွာမှာ ဘယ်သူမှမရှိကြတော့ဘူးဘုရား
ပြောမယ့်သာပြောရ
ပြန်ကြဖို့ရာ
ရွာလမ်းကလေးလဲပြာစ ပြာမှုန် ပြာပုံထဲ
မွဲမွဲလေးတောင် မြင်ရပါစ
သို့ပေမယ့်
ကိုယ့်ချက်မြှုပ် ကိုယ့်ဌာနံ
ရွာပြန်ကြရအောင်ပါဘုရား
ကိုယ်တော်မြတ်ကြီးကိုယ်တိုင်လဲ
ကိန်းအောင်းစံပျော်ရာ
ဒီနေရာဒီအရပ်
မသင့်အပ်ကြောင်းပါဘုရား
ဘုရား ဘုရား
လေပျံသံတွေ တဝေါဝေါ တညံညံနဲ့
ကောင်းကင်ယံမှာ
ဒင်းတို့လာကြပြန်ပြီလားဘုရား
ဘုရားတပည့်တော်မ
အရှင်ဘုရားဆင်းတုတော်ကို ကယ်မသယ်ပိုး
ပုန်းလျှိုးလိုက်ပါအုံးမယ်
' ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ၊ သောကပ္ပတ္တာ စ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော'
သတ္တဝါမှန်သမျှ ဒုက္ခကင်းဝေးငြိမ်းအေးကြပါစေသား ....😪
လွန်း
၁၆.၀၄.၂၆
နံနက်- ၁၀.၂၇
ဒရစပ်ဗုံးကျဲနေတဲ့လေပျံတွေအလာရပ်ပြီး
နှစ်ကူးသွားတဲ့အခါ
ပြာပုံသာကျန်တော့တဲ့ရွာကလေးဆီ
ပြန်ကြပါစို့လားဘုရား
ရွာလယ်က စတော်ကြီးလဲ ဗုံးဒဏ်ကြောင့်ပျံလွန်တော်မူ
ကိုရင်လေး နန္ဒိယလဲ ခြေတဖက်ပြတ်
ကပ္ပိစံမောင်လဲ မျက်စိစုံကမ်း
ပြန်လမ်းမဲ့စခန်း မြန်းရှာပြီပြောကြတယ်ဘုရား
ဒါတွင်မက
မောင်တထမ်း မယ်တရွက်
သာသနာအတွက် ဘာသာအတွက်ဆို
အလှူရဲတဲ့လက်
ကျေးလက်သားကျေးလက်သူတွေလဲ
ဘယ်တူရူကို
ဘယ်သူ ဘယ်ပြေးမှန်းမသိ
ရွာမှာ ဘယ်သူမှမရှိကြတော့ဘူးဘုရား
ပြောမယ့်သာပြောရ
ပြန်ကြဖို့ရာ
ရွာလမ်းကလေးလဲပြာစ ပြာမှုန် ပြာပုံထဲ
မွဲမွဲလေးတောင် မြင်ရပါစ
သို့ပေမယ့်
ကိုယ့်ချက်မြှုပ် ကိုယ့်ဌာနံ
ရွာပြန်ကြရအောင်ပါဘုရား
ကိုယ်တော်မြတ်ကြီးကိုယ်တိုင်လဲ
ကိန်းအောင်းစံပျော်ရာ
ဒီနေရာဒီအရပ်
မသင့်အပ်ကြောင်းပါဘုရား
ဘုရား ဘုရား
လေပျံသံတွေ တဝေါဝေါ တညံညံနဲ့
ကောင်းကင်ယံမှာ
ဒင်းတို့လာကြပြန်ပြီလားဘုရား
ဘုရားတပည့်တော်မ
အရှင်ဘုရားဆင်းတုတော်ကို ကယ်မသယ်ပိုး
ပုန်းလျှိုးလိုက်ပါအုံးမယ်
' ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ၊ သောကပ္ပတ္တာ စ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော'
သတ္တဝါမှန်သမျှ ဒုက္ခကင်းဝေးငြိမ်းအေးကြပါစေသား ....😪
လွန်း
၁၆.၀၄.၂၆
နံနက်- ၁၀.၂၇

Comments
Post a Comment