ဖိုးရွှေညီမှိုင်း - မှော်ရုံတောမှာ

Art- Than Htay Maung
မှော်ရုံတောမှာ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

ပြန်တွေ့ဖို့ဆိုတာ
ဘဝမှာ မသေချာဘူး။

ပြန်လာဖို့ဆိုတာလည်း
ဘဝမှာ မသေချာဘူး။

မသေချာမှုတွေနဲ့
သွားနေတဲ့ခရီးမှာ
သေချာတာ 
အဆုံးရှိတယ်။

အဆုံးမှာ
ငါ မရှိတော့တာ
မင်း မရှိတော့တာ
သူမရှိတော့တာ
ပြဿနာ မဟုတ်ဘူး။

ငါမရောက်ရင် မင်းရောက်ရမယ်
မင်းမရောက်ရင် သူရောက်ရမယ်
အဆုံးကို ...
ဘယ်သူရောက်ရောက်
တယောက်ယောက်
ရောက်သွားရင်ကို ကျေနပ်ကြမယ်။
၂၀၂၆

Comments