အဖြူထည်ရင်ခုန်သံ
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၉၊ ၂၀၂၆
ဆံပင်ညှပ်ဆိုင်မှာ ဂျာနယ်ဖတ်တယ်
လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်တယ်
ငါတို့ နေ့တွေညတွေကို ရိုးရိုးရှင်းရှင်း
ခင်းကျင်းတယ်။
တစ်ခုခုကို ငြီးငွေ့လာတဲ့အခါ
ဂျင်းဘောင်းဘီတစ်ထည်နဲ့ ကျောပိုးအိတ်တစ်လုံးဟာ
ငါတို့ရဲ့ ဝါဒ၊ ငါတို့ရဲ့ သင်္ကေတ။
စာအုပ်တစ်အုပ်ထဲက စာသားတွေ၊
နောက်ပြန်ရစ်ထားတဲ့ တိပ်ခွေထဲက သံစဥ်တွေကို
ဆောင်ဓားလို ဆောင်ထားခဲ့ကြ။
အရိုးခေါင်းတီရှပ်၊ နားကွင်းတစ်ဖက်၊
ဘယ်သူ့အပေါ်မှာမှ မယုတ်မာတတ်တဲ့
လူငယ်အထာတွေလေ
ဝမ်းတူးဖိုက် ဆိုင်ကယ်နဲ့ လီဗာကုန်ခရီးနှင် ...
လူသားဆန်ခြင်းနဲ့ လွတ်လပ်ခြင်းကို
ငါတို့ ... ရိုးရိုးသားသား တိုက်ယူကြတယ်။
ပရုတ်နံ့ဝနေတဲ့ ခေါင်းစည်းပဝါလေး ထုတ်ကြည့်မိတိုင်း
ပြန်မရတော့တဲ့ အတိတ်စာမျက်နှာကို လှန်ကြည့်မိတိုင်း
မိုးဦးကျ မြေနံ့လို စိတ်မှာ
ရောင်စုံသတင်းထူးတယ်။
လူငယ်ဆိုတာ ခေတ်တစ်ခုရဲ့
အဖြူထည် ရင်ခုန်သံလေးပါ
တစိမ့်စိမ့် ဆွတ်ပျံ့ခြင်းဟာ သက်သေပေါ့။ ။
2026 January

Comments
Post a Comment