ငါတို့ရွာ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၂၊ ၂၀၂၆
'' ခါ ပေါင်ကျိုးလည်း၊ တွန်မြဲတွန်လျက်
တွန်နေတယ်...
ခံပင် ဆူးလည်း၊ ချွန်မြဲချွန်လျက်
ချွန်နေတယ်...။ ''
(ကြည်အောင်)
ရန်သူရှေ့မှာ
ငါတို့ မတ်မတ်
ရပ်နေဆဲ။
ဒူးတွေ
ဖြောင့်ထားတယ်
ခါးတွေ
ဆန့်ထားတယ်
ခေါင်းတွေ
မော့ထားတယ်။
ဒူးတွေ
ထောက်မထားဘူး
ခါးတွေ
ကွေးမသွားဘူး
ခေါင်းတွေ
ငုံ့မသွားဘူး။
အဘိုးအဘွား တို့ ရွာ
အဖေ အမေတို့ ရွာ
ငါတို့ရွာ။
ခါတစ်ကောင်လို
ငါတို့ရွာ
ခံတပင်လို
ငါတို့ရွာ
ငါတို့ရွာ
ကဗျာမဟုတ်။
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၂၊ ၂၀၂၆
'' ခါ ပေါင်ကျိုးလည်း၊ တွန်မြဲတွန်လျက်
တွန်နေတယ်...
ခံပင် ဆူးလည်း၊ ချွန်မြဲချွန်လျက်
ချွန်နေတယ်...။ ''
(ကြည်အောင်)
ရန်သူရှေ့မှာ
ငါတို့ မတ်မတ်
ရပ်နေဆဲ။
ဒူးတွေ
ဖြောင့်ထားတယ်
ခါးတွေ
ဆန့်ထားတယ်
ခေါင်းတွေ
မော့ထားတယ်။
ဒူးတွေ
ထောက်မထားဘူး
ခါးတွေ
ကွေးမသွားဘူး
ခေါင်းတွေ
ငုံ့မသွားဘူး။
အဘိုးအဘွား တို့ ရွာ
အဖေ အမေတို့ ရွာ
ငါတို့ရွာ။
ခါတစ်ကောင်လို
ငါတို့ရွာ
ခံတပင်လို
ငါတို့ရွာ
ငါတို့ရွာ
ကဗျာမဟုတ်။
ခါ ပေါင်ကျိုးလည်း
တွန်မြဲတွန်လျက်။
ခံပင်ဆူးလည်း
ချွန်မြဲချွန်လျက်။
ငါတို့ မတ်မတ်
ရပ်နေဆဲ။
...
* (၂၀၂၆ ဇန်နဝါရီ ၈)
(**"ဆရာကြည်အောင်"ရဲ့ "ခါတကောင် ခံတပင်"ကဗျာကို ဦးညွှတ်လျက်... )

Comments
Post a Comment