မိုးဉာဏ်(မန္တလေး) - ကြယ်စိုက်သူ

 
Art-  Aung Htet
🩸ကြယ်စိုက်သူ🩸
မိုးဉာဏ်(မန္တလေး)
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၇၊ ၂၀၂၅


နေရောင်ခြည်ထဲ ဝေ့ဝဲနေတဲ့ မီးခိုးတွေ
နံပြားဖိုထဲက မီးကျီးခဲလို ပြတ်ရှဒဏ်ရာနဲ့ ရွက်လှပင်
ညလုံးပေါက် အိပ်မပျော်ရှာသူ လက်ဖက်ရည်ဆိုင်မှာ
ရေနွေးတစ်ခွက် ငှဲ့သောက် ...

အေးစက်​အိမြနေတဲ့ နှင်းထူလမ်းထဲ
စက်ဘီးနင်းသွားတဲ့ သားရဲ့ဟန်ကို ငေးရင်း ...
သူ့အရွယ်က ကျွန်တော်ကို သတိရ၊

ဘယ်လက်ဖက်ရည်ဆိုင် ထောင့်စွန်းမှာ
ကျွန်တော့် ငယ်ဘဝလေး ကပ်ခဲ့မလဲ ...

အတွေးဟာ အထူးရထားလို
ဘူတာအိုလေးကို ဆိုက်ရောက်ချိန်

ကြည်လင်တဲ့ မေတ္တာဓာတ်ကို တူးဖော်ရရှိ

ထာဝရ အမြစ်တွယ်မယ့် ကြယ်လေးကို
မြေ၌မစိုက်
ကောင်းကင်၌သာ စိုက်၏။       ။

1122025

Comments