သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အေပရယ်ညိုညိုချော၊ တည်ဘွားဦး နှင့် လင်းမိုးစွေတို့၏ကဗျာများ

ဆင်ခြင်ပါ ညီမလေး
Melt
 သွားတော့သွားပါညီမလေး
လမ်းတော့မမှားစေနဲ့ကွယ့်
ပျားရည်စမ်းတဲ့နှုတ်ခမ်းတစုံမှာ
ပန်းတွေပျက်ရတဲ့ရာဇဝင်တွေ
ဂန္တဝင်မှာစာတင်ရင်တောင်မကုန်နိုင်ဘူး
အချစ်မှာရူးခဲ့ကြတာလေ

လှူတော့လှူပါညီမလေး
လူတော့မယူစေနဲ့ကွယ့်
သဒ္ဓါလွန်တဲ့အဖြစ်တွေမှာ
ကျွံသွားရတဲ့ဘဝတွေနာ
တကယ်ဆို တို့တွေဟာမြန်မာလေ

စိုးရိမ်လွန်ကဲတယ်လို့
မင်းအမြင်မလွဲပါနဲ့
ပန်းတွေကြေကွဲတဲ့အသံမှာ
နားယဉ်နေရတဲ့ ခေတ် ဆိုတဲ့ဟန်ကြား
ကာလာတွေများလွန်းတာခံစားမိလို့ပါ

ဆင်ခြင်ပါညီမလေးရယ်
ထင်တာတွေကို ရှေ့တန်းမတင်နဲ့
အမြင်မှာအမှန်ရဖို့တဆုံးကြည့်
မျက်တောင်ခတ်မိတဲ့အခိုက်လေးမှာတောင်
အမှားဆိုတဲ့ကောင်က
ယောင်တောင်တောင်ဝင်လာချင်သေးရဲ့

အတွေးမမှားဖို့ဆိုတာ
ဈေးသွားသလိုမလွယ်ဘူး
သမာဓိ ချိန်ခွင်ဆိုတာ
အလှကြည့်ဖို့ဆင်ထားတာမဟုတ်ရင်
နှုတ်ချို လက်တို ဆိုတဲ့ဆိုစကားလို
ရိုးသားခြင်းဆိုတာမှာ
အဆိပ်တွေခါးနေတတ်တယ်
သတိနဲ့ဆင်ခြင်ပါ ညီမလေးရယ်။ ။

အေပရယ်ညိုညိုချော
 ကြိုငြိနေတဲ့ လေတံခွန်
Metropolitan Museum of Art
 ဆက်မရတဲ့ကြိုးတွေ
ဘာဖြစ်လို့ အရှည်ဆွဲဆန့်ချင်ရတာလဲ

မော်နေလို့
အမော်ပြေမလားရယ်လို့
ကမ်းနဘေး သွားထိုင်မိပါတယ်
ကမ်းပါးပြိုကျတာကိုခံလိုက်ရတယ်

ဒါတွေဟာ ဒီမှာတင် ပြီးမသွားဘူး
မပျယ်သော အရောင်လိုပါပဲ
ရေးရေးလေး မြင်နေရပါသေးတယ်
သောကနဲ့ ချယ်တဲ့ ပန်းချီကားဆိုလား

ဒီမယ်မိန်းကလေး
သံယောဇဉ် ဆိုတာမှ ကြိုးမဟုတ်ပါဘူး
တောင်ခံထားတဲ့ လေတံခွန်လေးမှာလည်း
သူ့ဘဝသူ လေမိချင်နေမှာပါပဲကွဲ့ ။ ။


တည်ဘွားဦး
မာရ်နတ် 
Wall Street Journa
 ဘဝဆက်တိုင်း ဆက်တိုင်း

တဖြည်းဖြည်း တဖြည်းဖြည်း

ဗီလိန်ဇာတ်ရုပ် ပေါ်လာပြီ

ဗောဓိပင်နဲ့ မလှမ်းမကမ်းမှာ ...၊

သူ့

ပါရမီ ဖြည့်နိုင်စွမ်းအား

ငါ

လေးစား မိပါရဲ့...

ငါတို့ဘုရား ငါတို့ ရပြီလေ...။

လင်းမိုးစွေ

Comments