ကမ္ဘာခြားနေတဲ့ မြေ
မ န အ
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၃၊ ၂၀၂၅
၁၈၆၅
အဘရာဟင် လင်ကွန်း
ကျွန်စံနစ်ကို တွန်းလှန်တိုက်ဖျက်
တဆက်တည်း ကျွန်စိတ်ကျွန်ကျင့် ပျောက်ကွယ်သွား
ကမ္ဘာခြားတဲ့ မြေ ။
နောက်
နှစ်ပေါင်းတစ်ရာ အကြာ
၁၉၆၅
ကမ္ဘာ့မြောက်ခြမ်း
ဆိုရှယ်လစ်၊ တစ်ပါတီစာတန်းကပ်
အဲ့ဒီ အရပ်၊ အဲ့ဒီ ဝန်းကျင်
သားကိုသခင်ဆိုတဲ့ စကား ပလူပျံ
ဒီလို နဲ့
သခင်ဟန် သခင်စိတ်ပေါက်သွားတဲ့ သား
ကျွန်သပေါက်တွေကို မွေးစားလို့
ကျွန်နဖားတွေကို စီရီလို့
ကျွန်ဝသီကို ပို့ချတဲ့
အဲ့သည်က မြို့ပြတဝိုက်
နိုက်ကလပ်၊ ကေတီဗီတွေ
အဲ့သည်က မြို့ပြအဝင်
သစ်ပင်အရိပ်၊ တိုးဂိတ်တွေ
ကမ္ဘာခြားသွားတဲ့ မြေ ။
နောက်
နှစ်ပေါင်း ခြောက်ဆယ်အကြာ
၂၀၂၅
ကျွန်စိတ်ဖျောက်မရတဲ့သူတွေအကြား
ကျွန်ဝသီ မျိုးပွား ဇွန်ဘီတွေ လမ်းသလားနေကြ
ဟော့သည်က မြိုပြ
ကမ္ဘာခြားနားတဲ့ မြေ
လင်ကွန်း ရေ .. ။ ။
၂၅ ဩဂုတ် ၂၀၂၅
Comments
Post a Comment