ဝေးရင့်သီ - နာဖျားနေတဲ့ရာသီ

Art- KT#
" နာဖျားနေတဲ့ရာသီ "
ဝေးရင့်သီ
(သစ်ခက်သံလွင်) ဧပြီ ၂၉၊ ၂၀၂၅

ကိုယ်ခံအားနည်းခဲ့သမျှ
အသက်ရှူကျပ်လိုက် ရပ်တည်မှုပြိုလဲလိုက်။

တစ်စချင်းတွဲစပ်နေရတဲ့
အသက်သွေးကြောတစ်လျှောက်မှာလည်း
ချုပ်ရိုးချုပ်ရာတွေဗရပွ။

ဇီဇစနစ်ပျက်ယွင်း
လည်ပတ်မှုဖောက်ပြန်နေမှတော့
မင်းကြီးတာကထွက်ကျလာတဲ့
မိုးခါးရေတွေက ကမ်းလုံးပြည့်။

ဘယ်သူဖြေသိမ့်ပေးခဲ့ပါသလဲ
ဟောင်းနွမ်းသွားတဲ့
အခန်းပြောင်းတေးသွားတွေသာ
အသံကြောင်အက်ရှ။

အကျိုးဆက်က
ကာလငရဲအဆက်ဆက်နဲ့
မိုးစင်စင်မလင်းသရွေ့
ဟောဒီ ကျိန်စာသင့်ကောင်းကင်အောက်မှာ
မြေစာမြက်တို့အနာဂတ်မဲ့ ။          ။

၂၃.၄.၂၀၂၅

Comments