မနအ - ဝတ်မှုန်ကူးနေတဲ့ လမ်းကလေး

Art by Aung Htet
ဝတ်မှုန်ကူးနေတဲ့ လမ်းကလေး
မနအ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၀၊ ၂၀၂၅

ကျနော် လျှောက်ချင်ပေမယ့်
ကျနော် မလျှောက်နိုင်ခဲ့တဲ့ လမ်း
သူတို့ လျှောက်နေကြပါတယ် ။

ရေခပ်လမ်း
ပန်းခပ်လမ်း
အလွမ်းခပ်တဲ့ လမ်းကလေး
ကျနော်က အဝေးက ငေးလို့ ။

ရေသယ်လမ်း 
ပန်းသယ်လမ်း
အလွမ်းသယ်တဲ့ လမ်းကလေး
ကျနော်က အဝေးက ငေးလို့ ။

သွေးတွေ နွေးလာမလားလို့ 
သူတို့ လျှောက်နေတဲ့ လမ်း
စိတ်မှန်းနဲ့ ကျနော် ဝင် လျှောက်မိပါတယ် ။      ။  

၁ ဒီဇင်ဘာ ၂၀၂၄ 

Comments