ပန်းပွင့်အိပ်မက်
စိုးရိမ်
(သစ်ခက်သံလွင်) ဩဂုတ် ၁၁၊ ၂၀၂၄
ကလေးတွေ
လွတ်လပ်ပေါ့ပါးစွာ ပညာရှာဖို့လိုပြီ
လမ်းတွေက
ခရီးကို သက်သောင့်သက်သာသယ်ဆောင်စေချင်ပြီ
ဆည်းဆာမှာ
လုံမပျိုတွေကို ရေခပ်ဆင်းစေချင်ပြီ
တညလုံး
မာယာတွေနဲ့ ကခုန်ပျော်ရွှင်နေစေချင်ပြီ
အလှတရားထဲ
အနုပညာရှင်တွေကို ခံစားနစ်ဝင်စေချင်ပြီ
ခူးကြမယ်ဟေ့ ...ဆိုရင်တော့
ပန်းက လက်တကမ်းမှာမဟုတ်လား
Comments
Post a Comment