ဝက်ခေါင်းထိုး
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) ဩဂုတ် ၂၂၊ ၂၀၂၄
ကိုယ်ထည်အဟောင်းကို
ခေါင်းပြောင်းပြီးခုတ်မောင်းဖို့
မျက်ပေါက်ကျဉ်းပုရောဟိတ်ကြီးက
အခါတော်ပေးတယ်
ဒီချေးတွင်းထဲကဒီလောက်တွေကို
ရွေးကောက်ပွဲအတုမစင်တုံးတွေချကျွေးပြီး
မရွံမရှာဖြည့်ဆည်းပေးနေတာက
သူတယောက်ထဲတော့မဟုတ်ဖူး
ကမ္ဘာပေါ်မှာ
အကြီးဆုံးဒီမိုကရေစီနိုင်ငံလို့အမည်ပေါက်ပြီး
ဒီမိုကရေစီကိုလုပ်ကြံဖို့ဓါးရိုးကမ်းနေတဲ့
အနောက်အရပ်ကအိမ်နီးချင်းတွေလဲပါတယ်
ပဒေသရာဇ်နဲ့စစ်အရင်းရှင်တွေအုပ်စုဖွဲ့ပြီး
ဒီမိုကရေစီအညွန့်ကိုဖြတ်ချနေတဲ့
အရှေ့တောင်အရပ်က ဘွန်ဆိုင်းသမားတွေလဲပါတယ်
တော်လှန်ရေးမီးတောက်တွေနဲ့
လောင်ကျွမ်းနေတဲ့ရာဇပလ္လင်ပေါ်
ဘယ်လိုမသူတော်တွေတက်ထိုင်ဝံ့သလဲ
ပြိုလဲလုလုနန်းရင်ပြင်ပေါ်
(သန်လျက်တဝင်းဝင်းနဲ့)
ဘယ်သူတင်တဲ့မင်းအသစ် ညီလာခံကျင်းပဖြစ်မလဲ
အဲဒီလောကဓံကိုထိပ်တိုက်ရင်ဆိုင်ဖို့
ငါတို့တင်းရင် ဘယ်မင်းမှမခံနိုင်ဘူးဆိုတဲ့အမှန်တရားဟာ
ဝက်ခေါင်းထိုးပြေးထွက်လာခဲ့တယ်
၁၈.၈.၂၄
Comments
Post a Comment