ပြည်သူများ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဩဂုတ် ၁၀၊ ၂၀၂၄
အပြင်မှာက
ရေတွေကြီးနေတယ်
အထဲမှာတော့
မျက်ရည်တွေကြီးနေတယ်
အပြင်မှာက
လေတွေတိုက်နေတယ်
အထဲမှာတော့
အလွမ်းတွေတိုက်နေတယ်
အပြင်မှာက
ကပ်ရောဂါပိုးတွေပျံ့နေတယ်
အထဲမှာတော့
အတွေးအခေါ်ပိုးတွေပျံ့နေတယ်
အပြင်မှာက
မိုးတွေထစ်ချုန်းနေတယ်
အထဲမှာတော့
ဒေါသတွေထစ်ချုန်းနေတယ်။
အပြင်မှာက
စစ်တွေတိုက်နေတယ်
အထဲမှာတော့ ၅၆ သန်းသော
အိပ်မက်တွေတိုက်နေတယ်။
၂၀၂၄ ဩဂတ်စ် ၅
Comments
Post a Comment