အလျားရှည်တဲ့ သံသရာ မြစ်
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဩဂုတ် ၅၊ ၂၀၂၄
ငါတို့ဟာ ဒုက္ခကို ရထားလိုလုပ်စီးရင်း
တစ်ဘူတာပြီး တစ်ဘူတာ
နိမ့်မြင့်တက်ကျ လောကဓံမှာ
သံသရာဟာ အလျားရှည်တဲ့မြစ်ပဲ
အသက်ဓာတ်ကလေးတည်မြဲနေဖို့အရေး
ထွန်ယက် စိုက်ပျိုး ပေါင်းသင်
တစ်နေဝင် တစ်မိုးချုပ်တော့
ပစ္စုပ္ပန်တွေကို ထုပ်ပိုးသိမ်းဆည်းရင်း
မနက်ဖြန်တွေကို ထမ်းပိုးအားတင်း
လဲပြိုမကျသွားခင်အထိတော့
မတ်မတ်ရပ်နိုင်ဖို့အရေး
ကိုယ့်ကို ကိုယ်
ဓားလိုလဲသွေးထားခဲ့ရ
ဒီလိုနဲ့ပဲ
မမောမပန်းနိုင်စွာ
နေ့စဥ်ရက်ဆက် ကူးခတ်
အလျားရှည်တဲ့ သံသရာမြစ်ထဲမှာ ။
* ချစ်ခြင်းမေတ္တာများဖြင့်...
မိုးမြင့်ယံ
Comments
Post a Comment