နေမိုးချုန်း - ကိစ္စံ ကာတဗ္ဗံ မနားမနေပြုအပ်လှပေ၏

ကိစ္စံ ကာတဗ္ဗံ မနားမနေပြုအပ်လှပေ၏
 နေမိုးချုန်း
(သစ်ခက်သံလွင်) ဇူလိုင် ၂၄၊ ၂၀၂၄

အရေးကြီးတယ်
အကြီးကြီး ရေးရမယ်
အကျယ်ကြီး ပြောရမယ်
အကျယ်ကြီး ကြားမှဖြစ်မယ်
ငါတို့သေရေးထက်
နိုင်ငံ့အနာဂတ်မသေရေးက အရေးကြီးတယ်
အရေးဟာ မသေးဘူး
ရန်သူကလဲ မအေးဘူး
ငါတို့ မျိုးဆက်တွေ
သေးပန်းခံထိမှာ စိုးတယ်
သွေးလမ်း ပြန်ငြိမှာစိုးတယ်
အန္တရာယ် ကြီးပါတယ်
ဘဝတွေ အန္တရာယ်ကြီးပါတယ်
အနာဂတ်တွေက ပို၍ပို၍ အန္တရာယ်ကြီးပါတယ်
"အနာဂတ်သမိုင်း" လှပဖို့က အတိုင်းထက်အလွန်တရာမက
အရေးသိန်းသောင်းကုဋေထက်ကြီးလှတယ်
ပစ္စုပ္ပန်အရင်းအနှီးထဲ
ချွေးလဲပါသလို
သွေးလဲ ပါနေပြီး
အသက်ကိုလဲ ရင်းသင့်ရင်းခဲ့ကြတဲ့ရာဇဝင်ထုံးဟာ
မှေးမှိန်မည်းညစ်သွားမှာမဟုတ်ဘူး
အရေးတကြီး သွေးစည်းကြဖို့
အရေးကြီးလို့ သွေးနီးကြမှ ဖြစ်မယ်
မျော့နေလည်း
ဖျော့နေလို့ မရဘူး
ပျော့နေလို့ မရဘူး
လျှော့တွက်လို့လဲ မဖြစ်ဘူး
ကျောကော့အောင် ခံခဲ့ကြရပြီးသား
ညည်းမနေနဲ့ ငြူမနေနဲ့
အကူမမျှော် အတူဆော်မယ်
အမူမှန်လို့ အယူမခံကြေး
ရန်သူမျိုးအမြစ် ဖြတ်ကိုဖြတ်ရမှာ ။  ၊၊

Comments