အမ် တီ ကေ - အညောင်းမိနေတဲ့မိုးစွေငှက်ကလေး

Image Credit - pinterest.com
အညောင်းမိနေတဲ့မိုးစွေငှက်ကလေး
အမ် တီ ကေ
(သစ်ခက်သံလွင်) ဇွန် ၂၄၊ ၂၀၂၄

ရွှေလှောင်အိမ်နဲ့မွေးလည်း
ဒီငှက်က‌လေးပဲ
ငွေလှောင်အိမ်နဲ့မွေးလည်း
ဒီငှက်က‌လေးပဲ
သံလှောင်အိမ်နဲ့မွေးလည်း
ဒီငှက်က‌လေးပဲ
လှောင်အိမ်တွေ ဘယ်လိုပြောင်းပြောင်း
အညောင်းမိနေတဲ့မိုးစွေငှက်ကလေးပါ။

ဟောဒီ မိုးတိမ်တွေဟာ
အတောင်ပံမပါဘဲ ပျံသန်းနေတယ်
သူတို့ဘဝကို အားကျရင်း
မိုးစင်စင်လင်းခဲ့ပြန်ပေါ့တစ်ခါ။

အတောင်ပံရှိလျက်ကယ်နဲ့
မိုးတိမ်တွေလို ပျံသန်းချင်တယ်
ငါ့ကို ပျံသန်းခွင့်ပေးပါ
ငှက်က‌ေလးရဲ့ရင်တွင်းသံကို ငါကြားရတယ်။

အိပ်မက်တွေ လှောင်အိမ်နဲ့အပြည့်
အညောင်းမိနေတဲ့ ငှက်ကလေးအတွက်
မနက်ဖြန်ဆိုတာ ရှိပါသေးရဲ့။   ။

19/6/2024

Comments