ငြိမ်းပြေ - ခရီး

ခရီး
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဇွန် ၁၄၊ ၂၀၂၃

မြစ်က မြို့အဝင်ထိပ်မှာ မေးတင်လို့ 
သစ်ပင်ကြီးတွေက မြစ်ကမ်းနဖူးမှာ စီစီရီပေါက်လို့
သစ်ပင်အုပ်အုပ်တွေကြားက
ဆိပ်ဖလူးနံ့တွေ ဝေသီနေတဲ့ကြားမှာ
နှစ်ချို့နေတဲ့အဆောက်အုံကြီးက တိတ်ဆိတ်လို့
အဆောက်အုံကြီးထဲက အခန်းအချို့မှာ
နွေဦးပန်းတွေဟာ ရဲရဲကိုတောက်လို့....
မြစ်အညှာကနေ
သတိရစိတ်တွေဟာလဲ
မြစ်ရေနဲ့အတူ စီးလို့....
လမ်းချင်းမတူခဲ့ရင်တောင်
စိတ်ချင်းတော့ တူခဲ့ကြတာမို့လား
​သေချာတာတခုက
ဘယ်လမ်းကသွားသွား
ပင်လယ်ဆီ ဦးတိုက်နေဖို့ပဲမဟုတ်လား ။ 

10th June 2023
9:30 AM

Comments