အမ် တီ ကေ - နှလုံးသားထဲက နွေဦး


Image- Credit
နှလုံးသားထဲက နွေဦး
အမ် တီ ကေ
(သစ်ခက်သံလွင်) ဇွန် ၁၁၊ ၂၀၂၄

ဒီစစ်ကြီးပြီးရင်
ငါတို့တွေ ရန်ကုန်မှာ ပြန်ဆုံကြမယ်လို့
သူ့သား စစ်ထဲပါသွားတဲ့သားဦးက ငါ့ကိုပြောတယ်။

မျက်ရည်သာအလေးဆုံးကဗျာတွေ
ငါတို့ရွတ်ကြတာပေါ့လို့ ငါကပြန်ပြောတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
ကောင်းကင်မှာ ကြယ်ဖြစ်သွားတဲ့ခက်သီက
နွေဦးဆိုတာ နှလုံးသားထဲမှာ ရှိတယ်လို့
သူ့ကဗျာကို ထရွတ်တယ်။

အေးလေ စိုထိုင်းရာသီ မိုးဦးရောက်ပေမဲ့
နွေဦးဟာ နှလုံးသားထဲမှာ ရှိနေတုန်း။  ။

9/6/2024

Comments