ဂျော်စူးသစ် - အမှောင်ခွင်းမယ့် အလင်းကဗျာ

အမှောင်ခွင်းမယ့် အလင်းကဗျာ
  ဂျော်စူးသစ်
(သစ်ခက်သံလွင်) ဇွန် ၁၆၊ ၂၀၂၂

အမှားဟာ အမှောင်ပဲ
မတရားတာ အမှောင်ပဲ
 အမှောင်မှာ ငါတို့မနေချင်ဘူး
ဒီအချိန်မှာ
အရောင်ကွဲတာလည်း အရေးမကြီးဘူး
အမှောင်မကွဲမှာပဲ ငါစိုးရိမ်တယ်
အမှောင်ခွင်းဖို့ အလင်းမရှိတဲ့အခါ
ငါတို့ဆန္ဒဟာ ငါတို့လောင်စာပဲ
ငါတို့သွေးဟာ ငါတို့ဆီပဲ
ကိုယ်စီထွန်းညှိ လင်းကြမယ် ။   ။
              

Comments