နွေဦးတျာချင်း
ရင်ငြိမ်းပွင့် -စလင်း
(သစ်ခက်သံလွင်) မေ ၂၁၊ ၂၀၂၄
နွေဦးကာလ
အရူး ထလေသောအခါ...။
ရွာတစ်ရွာပျက်ပြီဆို
ဒုက္ခအရောက်ဆုံးသူက အရက်သမား
ရွာမှာ အရက်ဆိုင်မှ မရှိတော့တာ
သောင်ပြင်လွှတ်တဲ့ ခွေးကလေးလိုပေါ့။
ဘုန်းကြီးကျောင်းမရှိတော့...
သစ်တစ်ပင်ရိပ် ဝါးတစ်ပင်ရိပ်
သုဿာန်ဓုတင် အဖတ်တင်တယ်။
မိုးကာတစ်ချပ်နဲ့ ဖျာစုတ်တစ်ချပ်
ယာတဲကလေး ကအိမ်
မိုးရေဝင် ကတုတ်ကျင်း။
ပထမ သေရတာက ကဗျာဆရာ
သူများတွေဝပ်နေချိန်
ကဗျာကိုဆွဲပြီး ထရပ်မိလို့။
ကဗျာဆရာဆိုတဲ့အမျိုးက
မုသားနဲ့ဖိရင်တောင် သေတတ်တဲ့အမျိုး
အသက်အနေ ခပ်ပါးပါး။
ဘုန်းတော်ဘွဲ့တွေ တံတွေးသီးအောင်ရယ်မိတိုင်း
ဝန်ကြီးပဒေသရာဇာကို သတိရမိရင်းက
အဲဒီကဗျာ ဖြစ်လာခဲ့ပါတယ်
ကဗျာထဲက ထန်းသမားတောင်
ထန်းမတက်နိုင်တော့ဘူးတဲ့လေ ။ ။
Comments
Post a Comment