နှင်းဆီအလံ
မနအ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၂၊ ၂၀၂၆
အမှောင်
နှောင်ဖွဲ့ မြေ
လေထဲ သားရဲ နံ့ ။
အလန့်အကြောက်ကြားက
ကမ္ဘာဦးလူသားဟာ
အရိုင်းဆန် ဆန်သလောက်
ရိုးသားမှုမှာ တောက်ပခဲ့ကြ ။
သူတို့
အမှောင်
မှောင်ပါစေ
အလင်းကို ရှာဖွေခဲ့ကြတယ်၊
သူတို့
နှောင်ဖွဲ့
ဖွဲ့ပါစေ
လွတ်မြောက်ရာ ရှာဖွေခဲ့ကြတယ်၊
သူတို့
သားရဲနံ့ကို အစားထိုး
နှင်းဆီအလံကို ပျိုးခဲ့ကြတယ် ။
ရေရှိုး မိုးပျံ
သိပွံခေတ် တဲ့
ကျစ်သထက် ကျစ်လာတဲ့ခေတ်ထဲမှာ
ငါတို့
အမှောင်ချခံနေရပါစေ
ငါတို့
နှောင်ဖွဲ့ခံရပါစေ
ငါတို့
သားရဲနံ့တွေ ရနေပါစေ
ငါတို့
လွတ်မြောက်ရာ အလင်းတန်းမှာ
နှင်းဆီအလံကို လက်ဆင့်ကမ်းမယ် ။ ။
၁၁ ဇန်နဝါရီ ၂၀၂၆
မနအ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၂၊ ၂၀၂၆
အမှောင်
နှောင်ဖွဲ့ မြေ
လေထဲ သားရဲ နံ့ ။
အလန့်အကြောက်ကြားက
ကမ္ဘာဦးလူသားဟာ
အရိုင်းဆန် ဆန်သလောက်
ရိုးသားမှုမှာ တောက်ပခဲ့ကြ ။
သူတို့
အမှောင်
မှောင်ပါစေ
အလင်းကို ရှာဖွေခဲ့ကြတယ်၊
သူတို့
နှောင်ဖွဲ့
ဖွဲ့ပါစေ
လွတ်မြောက်ရာ ရှာဖွေခဲ့ကြတယ်၊
သူတို့
သားရဲနံ့ကို အစားထိုး
နှင်းဆီအလံကို ပျိုးခဲ့ကြတယ် ။
ရေရှိုး မိုးပျံ
သိပွံခေတ် တဲ့
ကျစ်သထက် ကျစ်လာတဲ့ခေတ်ထဲမှာ
ငါတို့
အမှောင်ချခံနေရပါစေ
ငါတို့
နှောင်ဖွဲ့ခံရပါစေ
ငါတို့
သားရဲနံ့တွေ ရနေပါစေ
ငါတို့
လွတ်မြောက်ရာ အလင်းတန်းမှာ
နှင်းဆီအလံကို လက်ဆင့်ကမ်းမယ် ။ ။
၁၁ ဇန်နဝါရီ ၂၀၂၆

Comments
Post a Comment