နေမိုးချုန်း - အခါခပ်သိမ်း နွေဦးဟာ ပွင့်ချိန်ချည်း

အခါခပ်သိမ်း နွေဦးဟာ ပွင့်ချိန်ချည်း
နေမိုးချုန်း
(သစ်ခက်သံလွင်) မေ ၁၇၊ ၂၀၂၄

ကြွေလွင့်နှုန်း လျော့ပါးလာလည်း
ပန်းကလေးတွေက မယုံပါဘူး
သွေး အသက် ဘဝ အိုးအိမ်
အရာရာများနဲ့ ဖြည့်ဆည်းခဲ့ရတာမို့
အရင့်အမာ​ တွေက သစ္စာအဓိဋ္ဌာန်မပျက်
တိမ်တွေသာ ဖုံးတာ
လ,က ဘယ်တော့မှ မမှောင်မိုက်
လကွယ်ညဆိုတာရဲ့အစောဆုံးအစွန်းမှာ 
လ,သာနေတာကို စောင့်ကြည့်ကြည့်
ရာသီစက်ဝန်း ဘယ်လောက်လည်လည်
အမှန်တရားက မျက်စိမလည်ဘူး ၊၊   ၊၊

                                             

Comments