ကိုစိန်သစ် - မီး မီး မီး

 မီး မီး မီး
ကိုစိန်သစ်
(သစ်ခက်သံလွင်) မေ ၁၀၊ ၂၀၂၄

ငရဲက မီး 
လူ့ပြည်လာ ပွက်သလိုပဲ၊

ကျည်ဆံကို လှော်ပြီး စိုက်ပျိုးခဲ့ကြတော့
ဗုံးသီးချိုချိုတွေ စားနေကြရပြီပေါ့၊

 စပါးပုံကြီး မီး တငွေ့ငွေ့ လောင်နေတာ
 ငုတ်တုတ် ထိုင်ပြီးကြည့် နေနေရ
 မျက်ရည်နဲ့ ငြှိမ်းလို့မှ မရတာကိုး၊

 ငရဲက မီး
 ဒီ့ထက်ပို ပူပြီး လောင်နိုင်မှာတဲ့လား။   ။

၂၄၊ မေ ၄

Comments