ကြံထူး - အတာရေနဲ့ အညာမြေအလွမ်း

 အတာရေနဲ့ အညာမြေအလွမ်း 
ကြံထူး
(သစ်ခက်သံလွင်) ဧပြီ ၁၃၊ ၂၀၂၄

ကောင်းကင်တစ်ခို 
တိမ်ညိုသမ်းတော့
အိမ်ကိုလွမ်းလို့ မှန်းဆတယ်။

ရွက်ဟောင်းရယ်ကြွေ
တစ်နွေဆန်းတော့
အမေလွမ်းလို့ တမ်းတတယ်။

တမာပန်းတွေ 
ဝေဆာလျှမ်းတော့
ရွှေညာတစ်ဝှမ်းကို လွမ်းလှတယ်။ 

ပွင့်ဝါဝါတွေ
လမ်းတစ်လျှောက်ဝေတော့
ပန်းပိတောက်မြေကို သတိရတယ်။ 

သင်္ကြန်တေးရှင်
သံစဉ်ညွှန်းတော့
ပြန်ချင်လွန်းပေါ့ မွေးရပ်နယ်
လွမ်းဖွယ် လွမ်းတယ်။ ။ 

Comments