လူမျိုးလွင် - စစ်ပွဲ

Image- MMK
စစ်ပွဲ
လူမျိုးလွင်
(သစ်ခက်သံလွင်) မတ် ၁၉၊ ၂၀၂၄

ကျွန်တော်ရွာကထွက်သွားတုန်းက
ကျွန်တော့်မှာ
အဖေရှိတယ်
အမေရှိတယ်
ညီအကိုမောင်နှမတွေရှိတယ်။

ကျွန်တော်ရွာကိုပြန်လာတော့
ကျွန်တော့်မှာ
အဖေလဲမရှိတော့ဘူး
အမေလဲမရှိတော့ဘူး
ညီအကိုမောင်နှမတွေလဲမရှိတော့ဘူး ။

ကျွန်တော်ကိုယ်တိုင်လဲ
ခြေတဖက်မရှိတော့ဘူး။   ။

Comments