နေမင်းသ - ပင်လယ်ရဲ့သီချင်း

ပင်လယ်ရဲ့သီချင်း
နေမင်းသ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၈၊ ၂၀၂၄


ပင်လယ်ဟာ "နေ" ကို တရွတ်ဆွဲချသွားတော့
ညတည...ကို ငါတို့ စ ခဲ့ရပေါ့
အမိုးလည်းမလုံ အကာလည်း ပဲ့ပဲ့
ကံ စိတ် ဥတု အဟာရ ဘာတခုမှ မပိုင်ဆိုင်ရတဲ့ခရီးမှာ
ငါတို့က...နိုင်ငံ‌တော်သီချင်းကို ဆိုတယ်
"တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ" က
လေနှင်ရာ အရူးတယောက်လို လွင့်တယ်
မြေအတု ရေအတု လေအတုနဲ့
ငါတို့ အဘိုး အဖွားတွေ ကတည်းက ပစ်လိုက်တဲ့ကျည်ဆံ
ငါတို့ထံ တည့်တည့်မှန် ပေါ့ ။      ။





Comments