ဖိုးရွှေညီမှိုင်း - တောင်ကျချောင်း တေး

တောင်ကျချောင်း တေး
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

တောင်ပေါ်က 
ခုန်ချလာခဲ့တဲ့ 
ချောင်းရဲ့အဆုံးသတ်ဟာ
ပင်လယ်ပဲ ဖြစ်ရမယ်။
ကျောက်ဆောင်တွေထဲက
​​ဖောက်ခွဲထွက်ခဲ့ပြီးမှ
လွင်ပြင်မှာ ...
ရေစီးနှေး ကောက်ကွေ့
လမ်းခုလတ်မှာ 
မကျိုးမပြတ်ပါရစေနဲ့။
တောက်ခေါက်ပြီး
တပ်ခေါက်ပြန်မရတဲ့ခရီး
အပြီးအထိ ချီခွင့်သာ
ရလိုပါ၏။

(၂၀၂၄ ဖေဖော်ဝါရီ ၁၆)

Comments