တည်ဘွားဦး - ဒီနေ့ ငါပျော်နေတယ် ထင်နေလား ( ဟိန်းမြတ်ဇော် ...သို့)

ပန်းချီ ကိုကိုနိုင်
ဒီနေ့ ငါပျော်နေတယ် ထင်နေလား
တည်ဘွားဦး
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄

နားညည်းတယ်
ဆိုင်ထဲကကောင်တွေ အကုန်ထွက်သွား၊

အငှားကားက ပိုင်ရှင်အငှားဖြစ်လို့
တကယ်က အငှားအစစ် ပိုင်ရှင်ဖြစ်လို့
မဟုတ်သေးပါဘူးကွာ မင်းတို့ဟာတွေက ...

မနက်ခင်းကတည်းက
အချိတ်အဆက်တွေကလွဲတာ ချစ်စရာပါ
နားကို သံရည်ပူ ကပ်ထားရတာ
နားလည်မှုက အရည်ပျော်သွားပြီ။

အဓိပ္ပာယ်ကို နားမလည်စမ်းနဲ့
အပြင်ပူလောင်နေတာကို
အတွင်းထဲ လှိုက်ခံစားမယ်လို့ ဘယ်ထင်မလဲ၊ 

နှလုံးသားထဲ တည့်တည့်ရွာတဲ့မိုးပါ
အသံကိုကြိုးညှိမထားဘူး
အကကိုမြင်ကြတဲ့ ။

ဒီနေ့ ငါပျော်တယ်လို့ထင်နေလား  ....။ ။

၁၃. ၀၂.၂၀၂၄
* ဟိန်းမြတ်ဇော် ..... သို့

Comments