မိုးမြင့်ယံ - ဝတ်ခွင့်မရခဲ့တဲ့ အနွေးထည်လေး

ဝတ်ခွင့်မရခဲ့တဲ့ အနွေးထည်လေး
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၅၊ ၂၀၂၄

မနက်ခင်းကို ဆွဲဖွင့်လိုက်တော့
ဆောင်းဟာ ဒုက္ခတွေတဖွဲဖွဲနဲ့
ရွဲစိုခိုက်တုန်လွန်းနေရဲ့ 

မြူမှုန်တွေကြား ပျောက်ရှကျန်ခဲ့ရသော
ပျော်ရွှင်ဖွယ်ရာ အတိတ်နေ့ရက်တို့သည်
ပြာပုံအတိဖြင့် ကြွင်းကျန်ရစ်စွာ 

အေးစက်တုန်ရင်ခြင်းထဲမှာ
အမေ ဝယ်ပေးခဲ့ဖူးတဲ့
ခေါင်းစွပ်ဆွယ်တာ အနီရောင်လေးဟာ
ရဲပတောင်းခပ်မျှ ပြာလွင်မှုန်ပျစွာ
လွင့်ဝေးကျန်ခဲ့ရပေါ့
ဒီ ဆောင်းထဲမှာ ..... ။

25 . Dec . 2023

Comments