မိုးမြင့်ယံ - ကြယ်ကြွေ ပင်လယ်

ကြယ်ကြွေ ပင်လယ် 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၀၊ ၂၀၂၃

စိမ်းမြမြ လရောင်ကို တိမ်းမူးရင်း
ငါ့ ကိုယ် ငါ ရုန်းကြွ
လှိုင်းထပစ်လိုက်မိတယ်

ဘယ်သူ သိမှာလည်း
ငိုကြွေးခြင်းတွေ ဘောင်ဘင်ခတ်နေတဲ့
ပင်လယ်ရဲ့ ရင်ခွင်တစုံကို

ဟိုး အဝေးက မီးပြတိုက်ရဲ့
အလင်း ပျပျလေး တစကလွဲလို့
ငါ့ ရင်ပင်လယ်ထဲက ကြယ်တွေ

ဟော့ဒီလို ညနက်နက်ထဲမှာ
ကြွေကျ ပျက်သုဥ်းခဲ့ကြရတယ်
ဆိုတာကိုပေါ့  ။

Comments