ဝင်းမင်းခိုင် - သီးခြားလက္ခဏာ

သီးခြားလက္ခဏာ
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၁၊ ၂၀၂၃

ငါတို့အိမ်ကထွက်လာကြတာက
ငါတို့အိမ်ကိုငါတို့ပြန်လာဖို့ဖြစ်တယ်
အိမ်ကထွက်သွားတာနဲ့အိမ်ကိုပြန်လာတယ်ဆိုတာ
တကမ္ဘာလုံးကလူတွေလုပ်နေကျ ရိုးစင်းတဲ့ကိစ္စပဲလို့
မင်းတွေးနေသလား
ဒါကိုရေးကြီးခွင်ကျယ်လုပ်နေတယ်လို့များ
မင်းစဉ်းစားနေသလား
ဝမ်းနည်းပါတယ်မိတ်ဆွေ
မင်းလွန်တယ်လို့ငါမပြောလိုဘူး
ငါတို့နဲ့ငါတို့ရဲ့စာအုပ်စင်
ငါတို့အိပ်ရာ
ငါတို့ထမင်းစားပွဲ
ငါတို့ရဲ့ချစ်သူတွေအားလုံးက သီးခြားလက္ခဏာဖြစ်တယ်
သမိုင်းထဲကသူရဲကောင်းတွေဟာ
သမားရိုးကျအိမ်ပြန်ခဲ့ကြတာမဟုတ်ဘူး
သူတို့အောင်လံတွေကိုလွှင့်ထူပြီး အိမ်ပြန်ခဲ့ကြတာပဲ
ဒါဟာ
တခြားသူတွေနဲ့ကွဲပြားတဲ့ သီးခြားလက္ခဏာဖြစ်တယ်

၇.၁၁.၂၃

Comments