ဟီရု
(သစ်ခက်သံလွင်) စက်တင်ဘာ ၉၊ ၂၀၂၃
အဲဒီနေ့က
မြေသယ်ကားကြီးဆိုက်တယ်
ကားပေါ်မှာ
လူတွေမပါပါဘူး
ငါမကြိုက်တဲ့ အရာတွေ
ခုန်ဆင်းလာတယ်
ငါမကြိုက်တဲ့
ဖိနပ်တွေက
ကြမ်းခင်းပေါ်တွေအထိ
ရိုင်းရိုင်းစိုင်းစိုင်း
အဲဒီကစပြီး
အိမ်ဆိုတာ
ပျောက်ခဲ့ရတယ်။
ဘာမှကျူးလွန်မထားတဲ့
ဘဝတွေက
ပုန်းလျှိုးကွယ်လျှိုး
အနှိမ်ခံ
ခိုကပ်နေရတဲ့
ကပ်ပါးတွေဖြစ်ခဲ့ရ။
ခုထိ
အမိုးအကာမဲ့
ကူညီစာနာမဲ့
လေလွင့်ငှက်တွေ
အများကြီး။
လမ်းမပြောင်းတဲ့
သီချင်းတွေက
ဆက်လက်
ရှင်သန်နေတုန်း။
တနေ့နေ့မှာ
ငါတို့
ပြန်ပြောပြစရာ
စကားလုံးတွေက
အများကြီးတော့
မရှိဘူး
လူသားဆန်ခဲ့တယ်
ဒါပါပဲ။
Comments
Post a Comment