ဖိုးရွှေညီမှိုင်း - ဆီသို့ ...

ဆီသို့ ...
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၄၊ ၂၀၂၃

ရဲရင့် မြစ်တို့ရဲ့
ရိုးသားတဲ့ခြေလှမ်းတွေ
လေးလံနှေးကွေးပေမယ့်
မြစ်အားလုံးဟာ ပြေးနေဆဲ
ပင်လယ်ဆီသို့။
အသံမဲ့ အချိန်တို့ရဲ့
တိတ်ဆိတ်ညခြေလှမ်းများ
နာရီလက်တံအားလုံးဟာ
မမြင်ရလည်း ရွေ့နေဆဲ
အရုဏ်ဆီသို့။

၂၀၂၃ ဩဂတ်စ် ၃၀

Comments