ဝါကျဖြူ - သတ်မှတ်ခြင်း

သတ်မှတ်ခြင်း
ဝါကျဖြူ
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၂၊ ၂၀၂၃

ညတွေဟာငါတို့ထက်ပိုနာကျင်ဖွယ်ကောင်းနေတယ်လို့ထင်နေမိတယ်။
တခါတရံမှာမနက်ခင်းဟာရေအိုင်လေးထဲပြုတ်ကျလာတဲ့မိုးရေစက်လေးတစ်ပေါက်လိုမျိုးလား။
နေရောင်ကိုလူတွေစားထားတဲ့အပိုင်းကိုကြောခိုင်းပြစ်လိုက်တယ်
သူ့ဆီကဘယ်လိုနူးညံမှုကိုမှမလိုချင်တော့ပါဘူး။
ငါဟာလေထုကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ဝိသေသမဲ့နေတဲ့ဖြစစ်စဥ်တစ်ခုပါပဲ။
ငါ့အခန်းမှာငါမဟုတ်တော့တဲ့သွေးတွေရွက်တိုက်နေကြတယ်။
ဖြစ်စဉ်တခုဟာ ပင့်ကူအိမ်မှာဖုတ်လှိုက်ဖုတ်လှိုက်နဲ့ပါစပ်ထဲကစကားလုံးတွေကိုတားဆီးခံထားရသလိုမျိုး။
အထီးကျန်ထဲမှာပေါက်နေတဲ့အရိပ်တွေကိုအမှတ်စိတ်ထဲပြစ်ချလိုက်လို့မီမရပဲ။
လူသားတွေပါးစပ်ပေါက်ထဲဝင်ရောက်ပြီးခွေအိပ်နေကြတယ်။
တဘဝလုံးစွဲနေတဲ့မစင်နံ့တွေကိုလူ့ဘဝလို့ပဲသတ်မှတ်ပြစ်လိုက်ရတော့မှာလား။

   19/9/2023

Comments