စိုးရိမ် - ပန်းခူးတေး

ပန်းခူးတေး
စိုးရိမ်
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၇၊ ၂၀၂၃

အားလုံးက
အရောင်အသွေးတူနေရင်တော့
ခွဲလို့ခြားလို့မရတော့ဘူးပေါ့
အေးနေတဲ့ တယောက်လက်ကို
တယောက်ကဆုပ်ကိုင်ပြီး
ငါတို့နွေးထွေးကြမယ်လေ
မကြာတော့ပါဘူး
ငရဲလိုအမှောင်အတိ 
အသံတွေဆူပွက်နေတဲ့ကြားက
အလင်းပျပျနဲ့ဂူဝကို လှမ်းမြင်နေရပြီ။

Comments