ဟီရု - ၈၈၈၈ ကျောက်သားအမှတ်တရ

Photo- Credit
၈၈၈၈ ကျောက်သားအမှတ်တရ
ဟီရု
(သစ်ခက်သံလွင်) ဩဂုတ် ၈၊ ၂၀၂၃

၈-၈-၁၉၈၈
တော်လှန်ကျောက်သားတွေရဲ့
ဘယ်တော့မှမမေ့နိုင်တဲ့
နေ့တစ်နေ့ဖြစ်တယ် ။

ရဟန်းရှင်လူ
လူထုတရပ်လုံးအတွက်
တပ်လှန့်သံ
တိုက်ပွဲခေါ်သံလည်းဖြစ်တယ်။

တိုင်းပြည်တစ်ခုလုံး
ချောက်ထဲ
ဆွဲချခဲ့တဲ့
အာဏာရှင်တွေရဲ့
လက်ထဲကနေ
ရုန်းထဖို့
ညီညွတ်မှုတွေ
သွေးစက်တွေ
ချွေးစက်တွေ
ရဲရင့်မှုတွေ
ပေးဆပ်စွန့်လွှတ်မှုတွေ
အားလုံး အားလုံး
တညီတညွတ်တည်း
သံပြိုင်တီးခတ်လိုက်တဲ့
ခေါင်းလောင်းသံလည်း ဖြစ်တယ်။

ပေးဆပ်ခဲ့ပြီး
ညီနောင်‌ေကျာက်သားတွေရဲ့
သွေးတွေကိုမေ့လျော့လို့မရဘူး။

သူတို့ရဲ့
ယုံကြည်ချက်
ရည်မှန်းချက်‌ေတွကို
အပျောက်ခံလို့လည်း
မဖြစ်ဘူး။

၈၈၈၈ စိတ်ဓာတ်တွေကို
ငါတို့ လက်ဆင့်ကမ်း
သယ်ဆောင်ရမယ်။

၈၈၈၈ညီညွတ်မှုတွေကို
ငါတို့ နှလုံးသားထဲ
ထည့်ရမယ်။

၈၈၈၈ သန္နိဋ္ဌာန်တွေအတိုင်း
ငါတို့ ရှေ့ဆက်ကြရမယ်။

၈၈၈၈ မြေသားတွေက
ဒီမိုကရေစီပန်းပွင့်ဖို့
ရေလောင်းပေါင်းသင်
စိုက်ပျိုးပေးခဲ့ပြီးပြီ။

ငါတို့ရဲ့
ဒီနေ့ခေတ်
ဖက်ဒရယ်ဒီမိုကရေစီ
တိုင်းပြည်သစ်ကြီး
မုချ ဖန်တီးရမယ်ဆိုတာ
နှလုံးသားကျောက်သားတွေက
သိတယ် ။
* (၈၈၈၈)ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၃၅)နှစ်ပြည့်အားရည်ရွယ်ရေးဖွဲ့ပါသည်။

Comments