ကြံထူး - တောင်ဝှေးမကူသော ညနေခင်း

တောင်ဝှေးမကူသော ညနေခင်း
ကြံထူး
(သစ်ခက်သံလွင်) ဩဂုတ် ၁၉၊ ၂၀၂၃

ဆည်းဆာက မှောင်ရည်ပျိုးလို့
ဒါပေမဲ့ ဆီမီးမထွန်းရက်ဘူး
ညရဲ့ အပျိုရည် ပျက်ယွင်းသွားမှာစိုးလို့။ 

လမ်းတွေက အမှောင်ထုထဲကို 
ရှပ်တိုက်လျှောက်ဝင်သွားလို့
ဒါပေမဲ့ တောင်ဝှေးမထောက်ရက်ဘူး
(အနာမကျက်သေးတဲ့)
လောကဓံ ချိုင့်ခွက်တွေ အလှပျက်မှာစိုးလို့။ 

Comments