ဝါကျဖြူ - ညပျက်များ

ညပျက်များ
ဝါကျဖြူ
(သစ်ခက်သံလွင်) ဩဂုတ် ၁၁၊ ၂၀၂၃

ဇီကွက်တကောင်ရဲ့မသမာမှုမြိုချထားတဲ့
ရှင်သန်မှုထဲမှာငါဟာအထီးကျန်ခြင်းကိုတရားရှုကြည့်နေမိတယ်။

ပုံပြင်အဆွေးအမြေ့တခြမ်းပဲ့ထဲကကျွမ်းလောင်နေတဲ့
တိမ်တွေ
ငါကိုယ်ထည်တခုလုံးကိုလောင်မြိုက်ခြင်းနဲ့ခေါက်တုံ
ခေါက်ပြန်မှောင်ပိန်းလို့။

သေဆုံးခြင်းထဲကငြီးတွားနေတဲ့ဂီတသံတွေက ကော်ဖီ
ခွက်ပေါ်မှာအေးခဲလို့ ။

  6/8/23

Comments